ကိုယ်ရေးရာဇ၀င် နှင့်အတူ Cover Letter ဟုခေါ်သော စနစ်တကျ ရေးသားထားသော လျှောက်လွှာ တစ်စောင်လိုပါသည်။

ကိုယ်ရေးရာဇ၀င်ကို မည်သည့်အခါမှ အလျင်စလို မရေးပါနှင့်။

အထူးသဖြင့် လျှောက်ထားလိုသည့် ရာထူးပေါ် မူတည်ပြီးမှ လုပ်ငန်းအတွေ့အကြုံဆိုင်ရာ အချက်အလက်များကို စဉ်းစား သင့်သည်။

လုပ်ငန်း အတွေ့အကြုံ ရေးသားရာတွင် လက်ရှိလုပ်နေသည့်အလုပ် (သို့) နောက်ဆုံးလုပ်ခဲ့သည့်အလုပ်မှ စတင်ရေးသား သင့်သည်။

ကိုယ်ရေးရာဇ၀င်သည် ရှင်းလင်းမှုရှိရန်နှင့် ဆွဲဆောင်မှုရှိရန် အထူးလိုအပ်ပါသည်။ သို့မှသာ ကိုယ်ရေးရာဇ၀င် လက်ခံသူ၏ စိတ်တွင် အင်တာဗျူးအတွက် စဉ်းစားပါလိမ့် မည်။

ကိုယ်ရေးရာဇ၀င်ကို ကွန်ပျူတာစာစီဖြင့် Professional ဆန်စွာရိုက်နှိပ်သင့်ပါသည်။