ဆောင်ရန်

         အင်တာဗျူးဝင်မည့် ကုမ္ပဏီ၏လုပ်ငန်း သဘောသဘာဝကို ရှေးဦးစွာလေ့လာပါ။ မေးနိုင်မည့် မေးခွန်းများကို ကြိုတင် စဉ်းစားထားပါ။ အင်တာဗျူးသွားမည့် ကုမ္ပဏီနှင့်ကိုက် ညီမှုရှိမည့် အ၀တ်အစားများကို ၀တ်ဆင်သွားသင့်ပါသည်။ အင်တာဗျူးသွားရမည့်နေရာကို တစ်ရက်၊ နှစ်ရက် ကြိုတင်သွားရောက်လေ့လာပါ။ (၄င်း၏၀န်းကျင်^ တည်နေရာ^ အထပ် အရေအတွက်^ စသည်ဖြင့်......) အင်တာဗျူးရန် အချိန်ထက် ၁၅မိနစ် ကြိုရောက်အောင် သွားပါ။ သို့မှသာ သက်တောင့်သက်သာနှင့် စိတ်အေးအေးထားရန် အချိန်ရမည်။   အမျိုး သားများအတွက် ဆံပင်သပ်သပ်ရပ်ရပ်ညှပ်ခြင်း၊ နှုတ်ခမ်းမွှေး^မုတ်ဆိတ် ရိတ်ခြင်း^ခေါင်း ဖြီးခြင်းများ ပြုလုပ်သွားသင့်ပါသည်။ အမျိုးသမီးများအတွက် မိတ်ကပ်နှင့်ရေမွှေးကို သင့် တင့်ရုံသာသုံးသင့်ပါသည်။

ရှောင်ရန်

          အမျိုးသားများအတွက် ဆံပင်မသပ်မရပ်ဖြစ်နေခြင်း၊ နားကပ်ပန်ခြင်း၊ နှုတ်ခမ်းမွှေး^မုတ်ဆိတ်မွှေးများ မသုတ်သင်ထားခြင်း။ အမျိုးသမီးများအတွက် မိတ်ကပ် လွန်ကဲစွာ သုံး ခြင်း၊ ရေမွှေးအနံ့ပြင်းပြင်းနှင့် ချွေးနံ့ပြင်းပြင်းတို့ကိုဆင်ခြင်သင့်သည်။ အင်တာဗျူးမ၀င်ခင် ဆေးလိပ်၊ လက်ဖက်၊ အသုပ်၊ ကြက်သွန်ဖြူ^နီစသော ခံတွင်းနံ့ နံမည့် အစားအသောက် များကို လုံးဝ မသုံးစွဲသွားပါနှင့်။ အင်တာဗျူးဖြေဆိုရန် နေရာသို့ မိဘ၊ မိတ်ဆွေ၊ အပေါင်း အသင်း၊ ရည်းစားတို့ကို လုံးဝခေါ်မသွားပါနှင့်။ ပီကေ၊ ကွမ်း စသောအစားအစာ စားရင်း အင်တာဗျူးမ၀င်ပါနှင့်။ အင်တာဗျူးဖြေရန် စောင့်ဆိုင်းနေချိန်တွင် စိတ်တည်ငြိမ်အောင် လေ့ကျင့်ယူပါ။ စိတ်မလှုပ်ရှားပါနှင့်။

ဆောင်ရန်

          အင်တာဗျူးအခန်းကို ၀င်လျှင် ချိုသာသောမျက်နှာဖြင့် ၀င်ပါ။ မေးမြန်းသူများမှ ထိုင် ပါဟု မပြောမချင်း နေရာမယူမိပါစေနှင့်။ မတ်မတ်ထိုင်ပါ (သို့) စိတ်ဝင်စားဟန်ဖြင့် ထိုင်ပါ။ မိမိ စိတ်လှုပ်ရှားနေသည်ကို မေးမြန်းသူများက နားလည်ပြီး ဖြစ်ကြောင်း မမေ့ပါနှင့်။ ထို့ ကြောင့် အမူအယာ ပျက်လောက်အောင် စိတ်မလှုပ်ရှားပါနှင့်။ (မေးမြန်းသူများကလည်း စိတ်လှုပ်ရှားနေတက်ကြသည်ကို မမေ့ပါနှင့်။) ဖြေဆိုနေချိန်တွင် အလေးအနက်ထားပြီး စဉ်းစား သုံးသပ်ဖြေဆိုပါ။
          မေးခွန်းများကိုသေချာစွာနားစွင့်ပြီး လိုအပ်သည့်အဖြေကိုသာဖြေပါ။ မှန်မှန်ကန်ကန် နှင့် ရိုးရိုးသားသားဖြေပါ။ သင့်မှာ အလုပ်ရှင်၏လိုအပ်ချက်နှင့်ကိုက်ညီသည့် အမျှော်အမြင်၊ အတက်ပညာ ရှိသည်ဟု သိစေရန် မေးခွန်းများကို သေချာစွာ စဉ်းစား၍ မေးပါ။ သို့မှသာ သင်သည် သူ့လုပ်ငန်းကိုစိတ်ဝင်စားသူ၊ လေ့လာထားသူဟု ကောက်ချက်ချနိုင်ပါလိမ့်မည်။ မေးမြန်းသူအားသေချာကြည့်ကာ ပြုံး၍ပြန်လည်ဖြေဆိုပါ။ နားမလည်သောမေးခွန်းများကို သေချာစွာ နားလည်အောင်မေးပါ။ ဘာဖြစ်လို့သိချင်တာလဲ၊ သဘောမတူပါဘူး၊  ဒါက ဘယ်လိုမေးခွန်းမျိုးလဲ၊ မထင်ပါဘူး စသည့် အသုံးအနှုန်း (သို့) ဆင်တူရိုးမှား အသုံးအနှုန်း တို့ကို မသုံးမိပါစေနှင့်။
          အဖြေကို ‘Yes’  ‘No’ နှင့်သာမဖြေပါနှင့်။  ဥပမာများ၊  အကြောင်းပြချက်များ၊ ခံစား ချက် များဖြင့် ဖြေဆိုပါ။ ဆွဲဆောင်မှုရှိပါစေ။ အလုပ်ရှင် စိတ်ဝင်စားသည့် အချက်များကိုသာ ဖြေပါ။ အင်တာဗျူးအခြေအနေကို မည်သို့ သိနိုင်ကြောင်းသေချာစွာ မေးမြန်းပြီးမှ ပြီးဆုံးပါ။

ရှောင်ရန်

          စကားများများ မပြောပါနှင့်။ ဟိုဟိုဒီဒီ မကြည့်မိပါစေနှင့်။ အလုပ်ရချင်ဇောနှင့် အလျင် စလိုမဖြေပါနှင့်။ အင်တာဗျူးဖြေဆိုရန် နေရာသို့ မိဘ၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ ရည်းစား တို့ကို (လုံးဝ) မခေါ်သွားပါနှင့်။ ယခင်က လုပ်ခဲ့ဘူးသည့် လုပ်ငန်းရှင် မကောင်းကြောင်း၊ လုပ်ငန်း လျှို့ဝှက်ချက်များကို မည်သည့်အခါမှ မပြောမိပါစေနှင့်။ ဘောပင်၊ နာရီ၊ စာရွက်စ သည်တို့ကို ဖြေဆိုချိန်တွင်ဆော့ကစားခြင်းမလုပ်ပါနှင့်။ လက်ဆစ်ချိုးခြင်း၊ ခေါင်းကုတ်ခြင်း၊ ဒူးလှုပ်ခြင်း၊ သန်းဝေခြင်း စသည့် အမူအယာ တို့သည် စိတ်မ၀င်စားခြင်း၊ စိတ်လှုပ်ရှားခြင်း တို့ကို ဖော်ပြသည့် အချက်တချို့ ဖြစ်ပါသည်။  မေးမြန်းသူ၏ရုံးခန်း၊ ဧည့်ကြို၊ လေအေးပေး စက် စသည်တို့ကို မဝေဖန်ပါနှင့်။  မည်သည့်အခါမှ ခံစားခွင့်နှင့် လစာ အကြောင်းကို သင့် ဘက်မှစပြီး မမေးသင့်ပါ။ လစာညှိနှိုင်းသည့်အခါတွင်လည်းသင့်ဖက်မှ ကိန်းဂဏန်းကို စ၍ မပြောမိပါစေနှင့်။

အင်တာဗျူးပြီးသည့်အခါ

          အင်တာဗျူးပြီးသည့်အခါ ရရှိခဲ့သည့် အတွေ့အကြုံနှင့် အခက်အခဲများကို မှတ်တမ်းတင်ပါ။ နောင်အနာဂတ် အင်တာဗျူး များတွင် မလိုလားအပ်သည့် အမှားများကို ရှောင်ရှားနိုင်ဖို့ဖြစ်သည်။ ကုမ္ပဏီအမည်၊ မေးမြန်းသူ၏ အမည်၊ ရာထူး၊ အင်တာဗျူး သူမှ မေးမြန်းခဲ့ သည့် အချက်အလက် များကို ပြန်လည် မှတ်တမ်းတင်ပါ။ မိမိ ဖြေခဲ့သည့် အဖြေကို မေးမြန်းသူ၏ တုံ့ပြန်မှု၊ မေးမြန်းသူမှ သင်၏ ကိုယ်ရေးရာဇ၀င်၊ ပညာအရည်အချင်းနှင့် လုပ်ငန်း အတွေ့ အကြုံအပေါ် သုံးသပ်မှုများကို ကောက်ချက် ချပါ။ အင်တာဗျူးသူ၏ ကိုယ်အမူအရာ၊  နှုတ်အမူအရာကို ပြန်လည် သုံးသပ်ပါ။ မိမိအဖြေကို ပြန်လည် သုံးသပ်ပါ။ သင့်ရဲ့အ ကောင်း ဆုံး အဖြေကို ပြန်လည်သုံးသပ်ပါ။ သင့်ရဲ့အညံ့ဆုံးအဖြေကို ပြန်လည်သုံးသပ်ပါ။
          မိမိ မသိနားမလည်သော မေးခွန်းများကို မရ ရအောင် ဖြေဆိုရန် မကြိုးစားပါနှင့်၊ နားမလည်ကြောင်း ပွင့်ပွင့်လင်းလင်း ၀န်ခံပါ။ (အရာရာတိုင်းကို သိသောသူ မရှိပါ။) အင်တာဗျူး ခန်းတွင်းသို့ ဟန်းဖုန်းများပိတ်ပြီးမှဝင်သင့်ပါသည်။